SJ WorldNews - шаблон joomla Авто

နေပြည်တော်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံတွင် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ဝေဒနာရှင်များအား ဝမ်းဗိုက် အတွင်း မှန်ပြောင်းဖြင့် ဆက်လက် ခွဲစိတ်ကုသ

Thursday, 12 October 2017 09:24 font size decrease font size decrease font size increase font size increase font size

အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများနှင့် ပတ်သက်၍ ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းကို နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံကြီး (ခုတင်-၁ဝဝဝ)၌ အစာအိမ် အူလမ်းကြောင်းနှင့် အသည်းခွဲစိတ် ဌာနမှ ပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်သန်း သန်းရီ ဦးဆောင်သော ခွဲစိတ်ကုသမှု အဖွဲ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ University Tunku Abdul Rahman(UTAR) တက္ကသိုလ်မှ ပါမောက္ခ Kin Rah Chin နှင့်ပူးပေါင်း၍ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဝမ်းဗိုက်နံရံတွင် အူကျွံသော လူနာတစ်ဦးနှင့် အူမကြီးကင်ဆာကြောင့် အူလမ်းကြောင်း လွှဲထားခြင်းကို ပြန်လည်ခွဲစိတ်သော လူနာတစ်ဦးတို့ကို ဆွေးနွေးခွဲစိတ် ကုသခြင်းများ ဆောင်ရွက် ပေးသည်။ ထို့ပြင် အောက်တိုဘာ ၁ဝ ရက်တွင် သည်းခြေကျောက် တည် လူနာတစ်ဦးနှင့် အဝလွန် လူနာတစ်ဦးတို့ကို ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံတကာမှ ခွဲစိတ်ပါရဂူများနှင့် ပူးပေါင်းကုသသည့် ယခုသတ္တမ အကြိမ်မြောက်တွင် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဝေဒနာရှင် လေးဦးကို ခွဲစိတ်ကုသပေး နိုင်ခဲ့ကြောင်း သ တင်းရရှိသည်။

Read 6 times Last modified on Thursday, 12 October 2017 09:27