SJ WorldNews - шаблон joomla Авто

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်းသားများ အလိုရှိသည်

Wednesday, 13 September 2017 09:48 font size decrease font size decrease font size increase font size increase font size

၁။      လျှောက်ထားသူသည်-

(က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ အမျိုးသား(လူပျို)ဖြစ်ရမည်။

(ခ)     အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး/မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခု ခုမှ တင်ပြသည့်နေ့  မတိုင်မီ (၁)လအတွင်းရရှိသည့် ထောက်ခံစာမူရင်းနှင့် ပတ်စ်ပို့ အရွယ်ဓာတ်ပုံ(၃)ပုံ တို့ကို ပူးတွဲ တင်ပြရမည်။

(ဂ)     လျှောက်ထားသူသည် ၁-၁-၂ဝ၁၈ ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။

(ဃ) အနည်းဆုံး အရပ် (၅)ပေ (၃)လက်မနှင့် ကိုယ်အလေးချိန်(၁ဝဝ)ပေါင်ထက်မနည်းရ။ ပေါင်(၁၄ဝ)ထက် မကျော်ရ။

(င) မျက်မှန် တပ်ဆင်ထားသူ မဖြစ်စေရ။

(စ) မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရမည်။

(ဆ) လျှောက်လွှာနှင့်အတူပါရှိသော ဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ ပြည်သူ့   ဆေးရုံတွင် ပဏာမကျန်းမာရေး စစ်ဆေးအောင်မြင်သူဖြစ်ရမည်။

(ဇ)     တက္ကသိုလ်ဝင် စာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒ ဘာသာတွဲများဖြင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။ (အမှတ်စာရင်း တင်ပြရမည်။)

(ဈ) တပ်မတော်၏ အုပ်ချုပ်မှုစနစ် အတိုင်း လိုက်နာ ဆောင်ရွက်နိုင်သူဖြစ်ရမည်။  

၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၆-၉-၂ဝ၁၇ ရက်နေ့မှစ၍ အခမဲ့ရယူနိုင် သည်။ လျှောက်လွှာကို ၃ဝ-၉-၂ဝ၁၇ရက်နေ့  နောက်ဆုံးထား၍  လျှောက်လွှာ ထုတ်ယူခဲ့သော  တိုင်းစစ်ဌာန ချုပ် များသို့ ပြန်လည်ပေးပို့ကြရမည်။

၃။ သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာ တွဲတို့ကို တက္ကသိုလ် ဝင် စာမေးပွဲသင်ရိုးညွှန်းတမ်းအတိုင်း  မိမိလျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ်၌ ၄-၁၁-၂ဝ၁၇ ရက်နေ့ တွင် ဖြေဆိုကြ ရမည်ဖြစ်ပါသည်။

၎။ အရည်အချင်းစစ် စာမေးပွဲအောင်စာရင်းကို တိုင်းစစ်ဌာန ချုပ်များတွင် ၂၇-၁၁-၂ဝ၁၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်။ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ၁၁-၁၂-၂ဝ၁၇ ရက်နေ့မှ ၁၇-၁၂-၂ဝ၁၇ ရက်နေ့အတွင်း  တပ်မတော် ဗိုလ်ရွေး အဖွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရမည်။

၅။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ်(၁၄ဝဝဝဝ)ကျပ်၊ ဒုတိယနှစ်(၁၄၅ဝဝဝ)ကျပ်၊ တတိယနှစ် (၁၅ဝဝဝဝ)ကျပ်၊ စတုတ္ထနှစ် (၁၅၅ဝဝဝ)ကျပ် ရရှိမည်။

၆။      သင်တန်း အောင်မြင်ပြီးလျှင် မိမိတို့သင်ယူ ခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များ အပ်နှင်း ပေးမည်-

(က)   သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)

(ခ)     ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)

(ဂ)     ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ) B.Med.Tech      (Medical Labo- ratory Technology)

(ဃ)   ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာ) B.Med.Tech (Physio - therapy)

(င)     ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ) B.Med.Tech

(Medical Imaging Technology)

(စ)     ခြေတုလက်တုနှင့် အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့ (B.Med.Tech) Bachelor of Medical Technology (Prosthetics and Orthotics)

၇။ သင်တန်းပြီး မြောက်အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့တွင် သူနာပြု (Nurse) နှင့် ဆေးဘက် ကျွမ်းကျင်သူများ အဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီပါက  မိမိတို့ သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့ (Master of Science) နှင့် ပါရဂူဘွဲ့ (Ph.D) သင်တန်းများ တက်ရောက် ခွင့်ရရှိမည်။

၈။ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု (Nurse) /ဆေးဘက်ကျွမ်းကျင်သူ(တတိယတန်း) အမှု ထမ်းသက်(၁) နှစ်၊ အထက်တန်း သူနာပြု/ဆေးဘက်ကျွမ်းကျင်သူ (ဒုတိယတန်း) အမှုထမ်းသက်(၂)နှစ်၊  စုစုပေါင်း(၃)နှစ်ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင် အရာရှိအဖြစ်အဆင့် တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ် (အထက်တန်း သူနာပြု /ကျွမ်းကျင်သူ (ဒုတိယတန်း) အဖြစ်  စတင်ခန့် အပ်ပေးမည်။

မှတ်ချက်။      အသေးစိတ် သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ် များတွင် စုံစမ်း မေးမြန်း နိုင်သည်။

 

 

Read 51 times Last modified on Wednesday, 13 September 2017 09:49