SJ WorldNews - шаблон joomla Авто

သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း ဆက်ကပ် လောင်းလှူ

Wednesday, 13 September 2017 09:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြို့နယ်အသီးသီးမှ သံဃာတော် ၇ဝ ပါးနှင့် သီလရှင် ၁၈၅ ပါးတို့အား ဆွမ်းဆန်စိမ်း ဆက်ကပ် လောင်းလှူခြင်းကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်၌ ပြုလုပ်ရာ

မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း ဆရာေ တာ် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပုညနန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ် ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များနှင့် သီလရှင် ဆရာကြီးများထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများ၊ အလှူရှင်များက သံဃာတော်များနှင့် သီလရှင် ဆရာကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 29 times Last modified on Wednesday, 13 September 2017 11:49