SJ WorldNews - шаблон joomla Авто

စေတီပုထိုးနှင့် ဘုန်းတော်ကြီး ကျောင်းတို့၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

Saturday, 11 August 2018 14:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁ဝ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျောင်းကုန်းဆိပ်ကြီးကျေးရွာရှိ သကျမာရ ဇိန်ဘုရားပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိ စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ တပ်မ တော်သားများက အဆိုပါဘုရားပတ်ဝန်းကျင် ရှိ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်း များ တူးဖော်ပေးခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့်စုပေါင်းလုပ်အား ဒါနပြုခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၂)ရပ်ကွက်ရှိ   ဓမ္မရက္ခိတဘုန်းတော်ကြီး ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာမှု ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ဒလ တပ်နယ်မှ တပ်မတော်သားများက အဆိုပါ ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်များရှင်းလင်း ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် စုပေါင်းလုပ်အားဒါနပြုခြင်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တာဝန်  ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။       

 

 

 

Read 14 times Last modified on Saturday, 11 August 2018 14:09