SJ WorldNews - шаблон joomla Авто

ပြည်နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ

Saturday, 11 August 2018 09:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်စစ်မှု ထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ် ၁ဝ မြို့နယ်မှ စစ်မှုထမ်း ဟောင်း အလုပ်အမှု ဆောင်အဖွဲ့များအား သြဂုတ် ၉ ရက် နေ့လယ်ပိုင်းတွင် အေးသာယာမြို့၊ ပြည်နယ်စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် နှင့်အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံအမှာ စကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းပေးပြီး စားသောက်ဖွယ် ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အေးသာယာမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစု ဝင်များအား အဆိုပါအိမ်ရာရှိ ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စား သောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Read 13 times Last modified on Saturday, 11 August 2018 09:58