SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

Saturday, 11 August 2018 09:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁ဝ

မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့ နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့်အဖွဲ့ ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း စီ၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက် လူနာများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 14 times Last modified on Saturday, 11 August 2018 09:14