SJ WorldNews - шаблон joomla Авто

တောင်ငူမြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Saturday, 11 August 2018 09:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁ဝ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊  ကျောင်းသူများ အား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၈၄ဝဦးတို့အား သွေးလွန်တုပ် ကွေးရောဂါ၊ အရေပြားရောဂါ၊    ဝမ်းပျက်ဝမ်း လျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သော လူနာများအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများက အဆိုပါ ကျောင်းဝင်းအတွင်း/ အပြင် သန့်ရှင်း သာယာလှပရေး အတွက် အမှိုက်များရှင်းလင်းပေးခြင်း၊ ချုံနွယ်ပေါင်းမြက် များခုတ်ထွင်ရှင်းလင်းခြင်း  စသည့်စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ  ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက် နေမှုများအား တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                         

Read 13 times Last modified on Saturday, 11 August 2018 09:13