SJ WorldNews - шаблон joomla Авто

ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူ နေသူများအား ကြည့်ရှုအားပေး

Saturday, 11 August 2018 09:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁ဝ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသ မှုခံယူလျက်ရှိသော  အရာရှိ၊  စစ်သည်၊ မိသားစုများအား သြဂုတ် ၉ ရက် နံနက်ပိုင်း တွင်   ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍  လူနာတစ်ဦး ချင်းစီ၏ ရောဂါဖြစ်ပွား မှုများ၊ ဆေးဝါးကုသ ပေးထားမှုများနှင့်  ကျန်းမာရေးတိုးတက်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး ဆေးရုံတက်လူနာများအတွက် စားသောက်ဖွယ် ရာများ ပေးအပ်သည်။

ထို့နောက်   တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆေးရုံဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 15 times Last modified on Saturday, 11 August 2018 09:12