SJ WorldNews - шаблон joomla Авто

ပုသိမ်ကြီးမြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၃၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Friday, 10 August 2018 09:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ် 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်ကျောက်ချော စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ သြဂုတ် ၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် မူဆယ်မြို့မှ မန္တလေးမြို့သို့ ယာဉ်မောင်း ဦးနန္ဒကျော် မောင်းနှင်လာသည့် GI GROUP  EXPRESS အမျိုးအစား ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ်၊ MDY 7K/----အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ရာ ယာဉ်မောင်းမှ ယာဉ်တံခါးဖွင့်ဖွင့်ချင်း ခရီးသည်အမျိုးသား တစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်။ ၎င်းထွက်ပြေးသွားသည့် နေရာရှိ ပစ္စည်းများအား စစ်ဆေးရာ ခရီးဆောင်အိတ်ငယ် တစ်လုံး၊ ဆောင်းဘောက် အခွံနှစ်လုံးနှင့် ရေပူရေအေးစက် အခွံတစ်လုံး အတွင်းမှ ရောင်စုံဆပ်ပြာခွက် အတွင်းထည့်ထားသည့် ဘိန်းဖြူ/ဝါမှုန့် ၁၂ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၃၉၆ ခွက်၊ စုစုပေါင်းအလေးချိန် ၄ ဒသမ ၇၅၂ ကီလိုဂရမ် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၃၃၂၆ ကျော်)အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေရဲစခန်း၌ အသေးစိတ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။  

(၁ဝဝ)

Read 13 times Last modified on Friday, 10 August 2018 09:37