SJ WorldNews - шаблон joomla Авто

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်

Thursday, 12 July 2018 10:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ချုပ်ချက် ကျေးရွာ၊ ရွာငံမြို့နယ် သိမ်ကုန်း အနောက် ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာအသီးသီး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွားနှင့် ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ ခွဲစိတ်ရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသား ပြည်သူ စုစုပေါင်း ၁၅၇၆ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ရောဂါရှာဖွေ စမ်းသပ် ကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများအား အောင်ပန်းမြို့ ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား အဖြစ်များ တတ်သော ရောဂါများနှင့် စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း

ရရှိသည်။                     

Read 13 times Last modified on Thursday, 12 July 2018 10:34