SJ WorldNews - шаблон joomla Авто

၂၀၁၇- ၂၀၁၈ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်

Thursday, 12 July 2018 10:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၁

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ် ၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီး များနှင့်  ဘက်စုံ ထူးချွန် လူငယ်များအား ဂုဏ်ပြု ချီးမြှင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရန်အောင်မြင် ခန်းမ၌ပြုလုပ်ရာ   တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊   အရာရှိ၊ စစ်သည်၊ မိသား စုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဆရာ၊  ဆရာမများ၊  ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ   တပ်မတော် ကျောင်းများတွင် အောင်ချက်အကောင်းဆုံးပထမဆုရရှိသည့် အမှတ်(၂) ပညာရေးကျောင်း၊ အောင်ချက် အကောင်းဆုံး   တတိယဆု ရရှိသည့် အမှတ်(၁၈)  အခြေခံပညာအထက်တန်း ကျောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင် နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင် မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ဆု ရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် ဂုဏ်ထူးရကျောင်းသူတစ်ဦးက ဆုရရှိသူကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။ အဆိုပါဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၃၂ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၃၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၄၈ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၂၀၁ ဦး၊ စာမေးပွဲ အောင်မြင်သူ ၇၇၄ ဦးနှင့် ဘက်စုံထူးချွန်ဆုရှင် ရှစ်ဦးတို့အား အသီးသီး ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

...............

Read 11 times Last modified on Thursday, 12 July 2018 11:38