SJ WorldNews - шаблон joomla Авто

မှော်ဘီမြို့နယ်၊ ဘိုးဒေါန ကုန်းကျေးရွာရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

Thursday, 12 July 2018 10:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင်  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊  မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်း ကျေးရွာရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် ဒေသခံ ပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ မဟာဝိဟာရကျောင်း တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အစာအိမ်ရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ သံဃာတော် ၆၈ ပါး၊ ရှင်သာမဏေ ၂၈၆ ပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၁ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များနှင့် ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေး ရောဂါ၊ ၀မ်းပျက် ၀မ်းလျှောရောဂါ၊ တီဘီ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးအသိ ပညာ ပေးဟောပြောခြင်းနှင့် ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေး ဖျန်းခြင်းများဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချူပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး   အဆိုပါ ကျောင်းတိုက်  ပဓာနနာယကဆရာတော်  ဘဒ္ဒန္တ၀ိဇ္ဇာနန္ဒ(ဓမ္မာစရိယ)အားဖူးမြော်ကာ ၀ါဆိုသင်္ကန်းနှင့်  လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းပြီး  ကျောင်း တိုက်ရှိ  စာချစာသင်သံဃာတော်  ၁၃၅၀ ပါးအား နေ့ဆွမ်း ဆက်ကပ် လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။          

Read 10 times Last modified on Thursday, 12 July 2018 10:30