SJ WorldNews - шаблон joomla Авто

ပုလောမြို့နယ်၊ ပလောက်မြို့ ကျောက်တောင်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 12 July 2018 10:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ ကျောက်တောင်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ဇူလိုင် ၁၀ ရက် နေ့လယ် ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ   လွိမာန်ဓမ္မရက္ခိတကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကလေး ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ တီဗွီဓာတ်မှန် ရိုက်ကူးခြင်း၊ နှလုံးခုန်နှုန်း တိုင်းတာခြင်း၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် နှစ်ပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၃၁၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှု များနှင့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 8 times Last modified on Thursday, 12 July 2018 10:29