SJ WorldNews - шаблон joomla Авто

ပုသိမ်မြို့၊ စမ်းမြိုင်ကျေးရွာရှိ အမှတ်(၂၃၂)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 12 July 2018 08:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    ဇူလိုင်    ၁၁

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၊  စမ်းမြိုင်ကျေးရွာရှိ အမှတ်(၂၃၂) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ စာသင်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ ၁၁၂ ဦးအား လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။                              

(၁ဝဝ)

Read 12 times Last modified on Thursday, 12 July 2018 08:01