SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

Thursday, 12 July 2018 07:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၁၁

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများနှင့် ဘက်စုံထူးချွန် လူငယ်များအား ဂုဏ်ပြု

ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်  ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထို့နောက်   တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ၅ ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် စစ်သည်နှစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၄၂ ဦး၊ စာမေးပွဲ အောင်မြင်သူ စစ်သည်ခြောက်ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၅၂ ဦး စုစုပေါင်း ၂၃၁ ဦးတို့အား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။                          

(၁ဝဝ)

Read 12 times Last modified on Thursday, 12 July 2018 07:57