SJ WorldNews - шаблон joomla Авто

လှည်းကူးမြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 11 July 2018 08:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၁ဝ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ပေါ်တော်မူရွှေဘုန်းပွင့် ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ၊ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ပေါ်တော်မူရွှေဘုန်းပွင့် ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံပြည်သူ ၁၁၆ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အစာအိမ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 21 times Last modified on Wednesday, 11 July 2018 08:11