SJ WorldNews - шаблон joomla Авто

ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 11 July 2018 08:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၁ဝ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံတပ်များ အတွင်း၌  ဖွင့်လှစ်ထားသည့် အခြေခံပညာ မူလတန်းကျောင်းများအား အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၉ ရက်တွင် အမှတ်(၁ဝ၂)အခြေခံပညာ မူလတန်းကျောင်းနှင့် ယနေ့တွင် အမှတ်(၂၂ဝ) အခြေခံပညာ မူလတန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၂ဝ၃ ဦးကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 19 times Last modified on Wednesday, 11 July 2018 08:06