SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်း သူများ နေပြည်တော်အတွင်း ကြည့်ရှု လေ့လာ

Tuesday, 10 July 2018 09:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    ဇူလိုင်   

 ၂ဝ၁၇-၂ဝ၁၈  ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော   တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊  တပ်မတော်သားမိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်း  မိသားစုဝင်သားသမီးများ၊ ဘက်စုံထူးချွန်လူငယ်များ၊ တက္ကသိုလ်ပညာသင် ဆုရရှိ ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများသည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့တွင်  နေပြည်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထိုသို့လှည့်လည်ကြည့်ရှုလေ့လာရာတွင်   နေပြည်တော်ရှိ  သတ္တသတ္တာဟစေတီတော်နှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာန တို့အား ဖူးမြော်ကြည်ညိုခြင်း၊ တပ်မတော် စစ်သမိုင်းပြတိုက်ရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြခန်းများနှင့် ပြင်ပပြကွက်များမှ တိုက်ခိုက်ရေး ယာဉ်များအား သွားရောက်ကြည့်ရှု လေ့လာခြင်းနှင့် သူရဲကောင်း ဗိမာန်သို့ သွား ရောက်ကြည့် ရှုလေ့လာခြင်းများ ဆောင်ရွက်ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 31 times Last modified on Tuesday, 10 July 2018 09:21