SJ WorldNews - шаблон joomla Авто

မောင်တောမြို့အနီး ကညင်ချောင်းဝ အတွင်း စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ယူလာသူ လေးဦးအား ဖမ်းဆီးရမိ

Saturday, 23 June 2018 08:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အနီးရှိ ကညင်ချောင်းဝအတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့၏ အနောက်မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာ၌ တစ်ဖက်နိုင်ငံဘက်သို့ လှော်ခတ်သွားနေသည့် မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူသော်လည်း လှေအားရပ်တန့်ခြင်း မရှိဘဲ ဆက်လက်လှော်ခတ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ အဒူမိုနာ(ဘ) ကော်ဘီအာမက်၊ မာမက်အီလီယက်(ဘ) အီဆူးဇော်လာ၊ နော်ရူရှော်ဘီ(ဘ) ခါလူနှင့် အာဂျီဇူလော့ခ်(ဘ) နုရိုအိစ္စလာမ် တို့ကို WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝ ပြားခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂ဝဝခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါစိတ်ကြွ ရူးသွပ်ဆေးပြားများ၊ လှေနှင့်အတူ ဖမ်းဆီးရမိသူ များအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 31 times Last modified on Saturday, 23 June 2018 08:59