SJ WorldNews - шаблон joomla Авто

နောင်ချိုမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီး၌ ငွေကျပ်သိန်းပေါင်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များအား ခရီးသည်တင် ယာဉ်ဖြင့် သယ်ဆောင်လာသူများ ဖမ်းဆီးရမိ

Saturday, 23 June 2018 08:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ အဝင်ရှိ အိုရီယမ်တယ် တိုးဂိတ်အနီး၌ ပူးပေါင်းအဖွဲ့က ဇွန် ၂၁ ရက် ညနေ ၅ နာရီခန့်တွင် သတင်းအရ မော်တော်ယာဉ်များအား စစ်ဆေးစဉ် ကွတ်ခိုင်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် လားရှိုးခရီးသည်တင် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်နှစ်ဦးထံမှ ငွေကျပ်သိန်းပေါင်း ၈ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့သည်။ ကွတ်ခိုင်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသူ မြင့်သူ(ဘ)ဦးလှရွှေနှင့် အေးဆိုင်မွန်(ဘ) ဦးထွန်းလှတို့ သယ်ဆောင်လာသည့် ပလတ်စတစ်ပုံး သုံးပုံးနှင့် ခရီးဆောင်အိတ် အတွင်းမှ ဘိန်းဖြူ ၇ ဒသမ ၂၆ ကီလိုဂရမ်ခန့်ပါ ဆပ်ပြာခွက် ၆၆ဝ ခွက်၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၇၈ဝဝဝ ပြား (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၈၉ဝဝ ကျော်)၊ ငွေကျပ် ၁ဝ သိန်းနှင့် ရွှေထည်ပစ္စည်းများ၊ ATM ကတ်နှစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ပြောကြားချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို ကွတ်ခိုင်မှ မန္တလေး၊ ၎င်းမှတစ်ဆင့် မတ္တရာ-မိုးညှင်း လမ်းကြောင်းအတိုင်း ခရီးသည်တင် ယာဉ်ဖြင့် သယ်ဆောင်မည်ဖြစ်ပြီး ဟိုပင်မြို့၊ မြသီတာ ရပ်ကွက်နေ နှင်းရီ(ဘ) ဦးအောင်ပြားထံသို့ ပို့ဆောင်ပေးရမည် ဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါ နေအိမ်အား သွားရောက် ရှာဖွေစစ်ဆေးရာ နှင်းရီအား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိသူများအား နောင်ချိုမြို့မ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 31 times Last modified on Saturday, 23 June 2018 08:58