SJ WorldNews - шаблон joomla Авто

သာစည်မြို့နယ်၊ အင်းကုန်းကျေးရွာ၌ စက်ရေတွင်းနှင့် ဂါလန် ၄ဝဝဝ ဆံ့ ရေကန်တူးဖော် လှူဒါန်း

Saturday, 23 June 2018 08:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၂

မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ်၊ အင်းကုန်းကျေးရွာ၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တူးဖော်လှူဒါန်းသည့် စက်ရေတွင်းနှင့် ဂါလန် ၄ဝဝဝ ဆံ့ ရေကန်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ ပြုလုပ်သည်။ ဖွင့်ပွဲတွင် တိုင်းစစ်ဌာနချုပ် မိတ္ထီလာ တပ်နယ်မှ တာဝန်ရှိသူ တစ်ဦးက စက်ရေတွင်းနှင့် ရေကန်အား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များထံသို့ လွှဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ စက်ရေတွင်းကို ၂ဝ၁၈ ခုနှစ်၊ ဇွန်၁ ရက်တွင် စတင်တူးဖော်ခဲ့ရာ ယနေ့တွင် ပြီးစီးခဲ့ခြင်းဖြစ်ပြီး ဇွန်လတတိယပတ်မှ စတင်၍ အဆိုပါ ကျေးရွာရှိ အိမ်ထောင်စု ၅၁ စုမှ လူဦးရေ ၂၂၅ ဦးကို သောက်သုံးရေ စတင်ပေးဝေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 29 times Last modified on Saturday, 23 June 2018 08:58