SJ WorldNews - шаблон joomla Авто

ကွမ်းခြံကုန်း မြို့နယ်နှင့် သန်လျင်မြို့နယ် တို့ရှိ သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Saturday, 23 June 2018 08:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၂

ရန်ကုန်တိုင်း ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်းကျေးရွာ အုပ်စုအတွင်းရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကြခတ်ကျေးရွာရှိ အရှေ့ကျောင်းဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် သံဃာတော်သုံးပါး၊ ကျောင်းသား၊ ကျောင်းသူ ၁၈ဝ ဦးနှင့် ဒေသခံပြည်သူ ၁၃၅ ဦးတို့ကို ဆေးကုသရေး အဖွဲ့က သွားနှင့် ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ အရိုးရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ အလားတူ သန်လျင်မြို့နယ်၊ လက်ယက်စမ်း ကျေးရွာရှိ ဓမ္မဝိဟာရ ဘုန်းတော်ကြီး ကျောင်း၌ သံဃာတော်သုံးပါး၊ သာသနာ့ အနွယ်ဝင် သီလရှင်သုံးပါးနှင့် ဒေသခံပြည်သူ ၃၅၄ ဦးတို့ကို ဆေးကုသရေး အဖွဲ့က အရိုး/ အကြောရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Read 31 times Last modified on Saturday, 23 June 2018 08:57