SJ WorldNews - шаблон joomla Авто

သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် နိုင်ငံတကာ တပ်မတော်များ၏ အခန်းကဏ္ဍ

Friday, 22 June 2018 09:20 font size decrease font size decrease font size increase font size increase font size

လူသားတို့နေထိုင်ရာ ကမ္ဘာကြီး၌ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် မြင့်မား လာလျက်ရှိပြီး International Federation of Red Cross and Red Crescent Societies ၏ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့သဘာဝဘေးအန္တရာယ် အစီရင်ခံစာအရ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း ကမ္ဘာ၌ သဘာဝ ဘေး အန္တရာယ်ကြုံတွေ့ခဲ့ရမှု အကြိမ် ၆ဝ၉ဝ ရှိခဲ့ကြောင်း တွေ့ရှိရသည်။ ၁၉၈ဝ ပြည့်နှစ်မတိုင်မီက တစ်နှစ်လျှင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုနှုန်းအကြိမ် ၆ဝ ခန့်သာရှိခဲ့သော်လည်း ၂ဝဝ၅ ခုနှစ်ဝန်းကျင်၌ တစ်နှစ်လျှင် ပျမ်းမျှအကြိမ် ၂၄ဝ ရှိခဲ့သည်။ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ၃ ဆခန့် မြင့်တက်သွားပြီး ၂ဝ၁၅ ခုနှစ်၌ ၅၇၄ ကြိမ်ရှိခဲ့သဖြင့် နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်း နှစ်ဆခန့်ထပ်မံ မြင့်တက်သွားခြင်းဖြစ်ရာ အနာဂတ်၌ လူသားမျိုးနွယ်စုရင်ဆိုင်ရမည့် အန္တရာယ်များအနက် သတိထားစရာ အကောင်းဆုံး ဘေးအန္တရာယ် ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ ကမ္ဘာ၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှု ပိုမိုများပြားလာသည်နှင့်အညီ သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းနှင့် ကာကွယ်ရေး လုပ်ငန်းများသည် နိုင်ငံများ၏ ဦးစားပေး အစီအစဉ် များ၌ ပါဝင်လာခဲ့ရသည်။ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပူးပေါင်း ဆောင်ရွက်ရမှု၊ စွန့်စားရမှု၊ အမိန့်နှင့် ညွှန်ကြားချက်တို့ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမှု၊ လေ့ကျင့်သားပြည့်ဝမှု စသည့်အရည်အချင်းနှင့် အရည်အသွေးတို့သည် အခြေခံ လိုအပ်ချက်များ ဖြစ်သည်။ ကြုံတွေ့ရသော ဘေးအန္တရာယ် အမျိုးအစားနှင့် နေရာဒေသလိုက်၍ မတူညီသော လိုအပ်ချက်များလည်း ရှိလာမည်ဖြစ်ရာ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းဟူသော အရည်အသွေးများ လည်းလိုအပ်ပါသည်။ ထိုကဲ့သို့သော လိုအပ်ချက်များ၊ အခက်အခဲများကို လျင်မြန် ထိရောက်စွာ ဖြေရှင်းပေး နိုင်ရန်အတွက် အမြဲအသင့်ရှိနေသော အဖွဲ့အစည်းတစ်ခု မရှိမဖြစ် လိုအပ်သည်။ ၎င်းအဖွဲ့အစည်းကို သီးသန့်ထူထောင်ခြင်းဖြင့်သော် လည်းကောင်း၊ ရှိပြီးအဖွဲ့အစည်းတစ်ခုကို လေ့ ကျင့်ပေးခြင်းဖြင့် သော်လည်းကောင်း နည်းလမ်းနှစ်ခုဖြင့် ဆောင်ရွက်နိုင်သည်။ နိုင်ငံအများစု ရွေးချယ်ကြသည်မှာ နိုင်ငံတော်ကာကွယ် ရေးအတွက် အသင့်ရှိနေသော တပ်မတော်ကိုပင် လေ့ကျင့်ပေးခြင်း၊ တာ ဝန်ပေးခြင်းနှင့် အားကိုးအားထားပြု ခြင်းဟူသော နည်းလမ်းပင်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ ကြုံတွေ့ရမည့် အခက်အခဲများနှင့် အကန့်အသတ်များကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးနိုင်ရေးအတွက် ဖွဲ့စည်းမှု၊ စည်းကမ်း၊ ပူးပေါင်းဆောင်ရွက်မှု၊ ပစ္စည်း ကိရိယာစုံလင်စွာဖွဲ့စည်း တပ်ဆင်ထားပြီး စုစည်းညီညွတ်သော အမိန့်ပေးစနစ် (Unity of command)အောက်၌ အမြဲအသင့်ရှိနေသော အဖွဲ့အစည်းမှာ ၎င်းနိုင်ငံများ၏ တပ်မတော်များသာ ရှိသဖြင့် ကမ္ဘာ့နိုင်ငံ တိုင်းမှ ၎င်းတို့၏တပ်မတော်သားများအပေါ် အားကိုးအားထားပြုလာရခြင်းမှာ သဘာဝကျ လှပေသည်။ တပ်မတော် တိုင်း၏ အဓိက တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ဖြစ်သော်လည်း တိုးတက်ြေ ပာင်းလဲလာ သောနိုင်ငံတော် လုံခြုံရေး အယူအဆမှာ (National Security Concept) အရ နိုင်ငံသူ၊ နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သော ဘေးအန္တရာယ် အမျိုးမျိုးမှ ကာကွယ်ပေးခြင်းအထိ ကျယ်ပြန့် လာကြောင်း တွေ့ရသည်။ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများ၊ နယ်စပ်လုံခြုံရေး ကိစ္စရပ်များ စသည်တို့အား စစ်မက်ရေးရာ မ ဟုတ်သော စစ်ဆင်ရေး (OOTW - Operation Other Than War) ၌ထည့်သွင်းပြီး စစ်ဆင်ရေးတစ်ရပ်သဖွယ် ဆောင်ရွက်လျက်ရှိ ကြသည်။ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံသူ၊ နိုင်ငံသားများလုံခြုံရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား၍ ဖြစ် လာနိုင်သောခြိမ်းခြောက်မှုများ (Potential Threat)ကိုပါ ထည့်သွင်းတွက်ချက်လျက် ကြိုတင်စီမံနေကြကြောင်း တွေ့ရှိရသည်။

၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်းကမ္ဘာ၌ အဖြစ်အများဆုံး သဘာဝဘေး အန္တရာယ်မှာ ရေလွှမ်းမိုးမှုဖြစ်ပြီး ၁၇၁၉ ကြိမ်ရှိခဲ့သည်။ မုန်တိုင်းဖြစ်ပွားမှုအကြိမ် ၉၇ဝ ဖြစ်ပြီး ဒုတိယအဖြစ်အများဆုံး ဖြစ်သည်။ အစဉ်လိုက် အားဖြင့် ရေလွှမ်းမိုးမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ မြေငလျင်၊ အပူလွန်ကဲမှု၊ မိုးခေါင်ရေရှားမှု၊ မြေပြိုခြင်း၊ တောမီး လောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းနှင့် အင်းဆက်ပိုးမွှားကျရောက်ခြင်း စသည်တို့ဖြစ် သည်။ မည်သည့် သဘာဝ ဘေးအန္တရာယ် အတွက်မဆို သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက အန္တရာယ်မှ လျော့နည်း သက်သာစေခြင်း (Mitigation)၊ ကြိုတင်ပြင်ဆင်ခြင်း (Preparedness)၊ တုံ့ပြန်ေ ဆာင်ရွက်ခြင်း (Responses)၊ ပြန်လည်ထူထောင်ခြင်း (Recover) ဟူ၍ အဆင့်လေးဆင့် ပါဝင်မည်ဖြစ်သည်။ အဆင့်တိုင်း ၌ နိုင်ငံတကာ တပ်မတော်များ အနေဖြင့် ၎င်းတို့၏ဖွဲ့စည်းပြီး တပ်ဖွဲ့များ (လက်ရုံး ဝန်ထမ်းတပ်ဖွဲ့)ကို အသုံးပြု၍ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။ ၎င်းတပ်ဖွဲ့များကိုပင် အသုံးပြု၍ ဘေးအန္တရာယ်စိစစ်ရေးအဖွဲ့ (Assessment Unit)၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Search and Rescue Unit)၊ ဆေးတပ်ဖွဲ့ (Medical Unit)၊ အင်ဂျင်နီယာအဖွဲ့ (Engineer Unit)၊ ဆက်သွယ်ရေးအဖွဲ့ (Signal Unit)၊ သယ်ယူပို့ဆောင်ရေးအဖွဲ့ (Transportation Unit)၊ ထောက်ပံ့ရေးအဖွဲ့ (Support Unit) စသည့်သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လက်တွေ့လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်ရမည့် အဖွဲ့များအား လွယ်ကူလျင်မြန်စွာ ဖွဲ့စည်း၍ အချိန်မီတုံ့ပြန်နိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

နိုင်ငံတကာ တပ်မတော်များအား စတင်ဖွဲ့စည်းချိန် ကတည်းကပင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ကြုံတွေ့လာ နိုင်သောအန္တရာယ်နှင့် ခြိမ်းခြောက်မှုများအပေါ် သုံးသပ်၍ ဖွဲ့စည်းခြင်း (Threat Base)နှင့် မျှော်မှန်း ထားသောအကောင်းဆုံး စွမ်းဆောင်နိုင်မှုရရှိစေရန် သုံးသပ်ဖွဲ့စည်းခြင်း (Capability Base) ဟူ၍ အခြေခံ စဉ်းစားချက် နှစ်မျိုးဖြင့်ဖွဲ့စည်း ထားရှိကြသည်။ ထိုသို့ဖွဲ့စည်းထားသဖြင့် တပ်ရင်း/ တပ်ဖွဲ့များသည် သက်ဆိုင်ရာနိုင်ငံ၏ မည်သည့်နေရာ၊ မည်သည့်ရာသီဥတု၊ မည်သည့်အချိန်အတွက်မဆို ယေဘုယျအားဖြင့် အသင့်ဖြစ်နေတတ်ပြီး ပြုပြင်မွမ်းမံမှုနှင့် ထပ်မံဖြည့်ဆည်းမှု အနည်းငယ် ပြုလုပ်လိုက်ရုံဖြင့် သဘာ ဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်း၌ အားကိုးအားထားပြုနိုင်သည့် အင်အားစုကြီး ဖြစ်လာရပေသည်။ ၎င်းစွမ်းရည်များအပေါ် တပ်မတော်၏ ခေါင်းဆောင်မှုစွမ်းရည်နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း စွမ်းရည် (Leadership Ability and Decision Making Ability)၊ပြောင်းလွယ်ပြင်လွယ်သော တုံ့ပြန်နိုင်စွမ်း (Versatility of Response) တို့ပေါင်းစပ်လိုက်သည့်အခါ ပိုမိုထက်မြက်သော စွမ်းဆောင်နိုင်မှုများ ဖြစ်ပေါ် လာရပေသည်။ တပ်မတော်သည် ဆင့်ကဲ့အမိန့်နာခံမှုကို အသားကျအောင် လေ့ကျင့်ထားရသော အဖွဲ့ အစည်းဖြစ်သည်။

ထို့ကြောင့် တပ်မတော်သားတိုင်း၏ အမိန့်နာခံ လုပ်ဆောင်ရမှုမှာ အခြားအဖွဲ့အစည်းများထက် တိကျစွာ လိုက်နာလုပ်ဆောင်မှု၊ လျင်မြန်စွာ အကောင်အထည်ဖော်ရမှု၊ အောင်မြင်အောင် ဆောင်ရွက်ရမှုတို့၌ သာ လွန်သည်။ တပ်မတော်ခေါင်းဆောင်တိုင်းသည်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ခေါင်းဆောင်မှုအဆင့် အမျိုးမျိုးတို့ဖြတ်သန်းလာပြီးမှ အဆင့်မြင့် ရာထူးများ ရရှိကြရသည် ဖြစ်သည်။ ၎င်းကဲ့သို့ ခေါင်းဆောင် မှုနှင့် အမိန့်နာခံရမှုတို့ ပေါင်းစပ်လိုက်သည့်အခါ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အမိန့်ပေးခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တို့သည် တိကျခြင်း၊ လျင်မြန်ခြင်း၊ ထိရောက်ခြင်းနှင့် အောင်မြင်ခြင်းတို့ ဖြစ်ပေါ် လာသည်။ ထို့ပြင် တပ်မတော်သည် အမျိုးမျိုးသော အခြေအနေ၊ အခက်အခဲနှင့် ပဋိပက္ခတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အတွက် ပြောင်းလွယ်ပြင်လွယ် တုံ့ပြန်နိုင်စွမ်း (Versatility of Response) ကို ကြို တင်လေ့ကျင့်ထားရသော အဖွဲ့အစည်းဖြစ်၍ သဘာဝ ဘေးအန္တရာယ်အား တုံ့ပြန်ရာတွင် သူမတူသော ထိရောက်စွာ ဆောင်ရွက် နိုင်စွမ်းကို စွမ်းဆောင်နိုင်ခြင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း သဘာဝ ဘေးအန္တရာယ် ကူညီကယ် ဆယ်ရေး လုပ်ငန်းများတွင် နိုင်ငံတကာ တပ်မတော်များ၏ အခန်းကဏ္ဍအား '' First responders - last resort ''(အစောဆုံး တုံ့ပြန်- နောက်ဆုံးဖြေ ရှင်း) ဟူ၍ တင်စားေ ခ်ါဝေါ် ကြခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသသို့ အစောဆုံးရောက်ရှိနိုင်သော အဖွဲ့အစည်း၊ နိုင်ငံရှိ အခြား အရင်းအမြစ်အားလုံးက မဖြေရှင်းနိုင်လျှင် နောက်ဆုံး အားကိုးအားထားအဖြစ် ဖြေရှင်းပေးရမည့် အဖွဲ့အ စည်းဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)၊ ပုဒ်မ၃၄၁၊ ပုဒ်မခွဲ ၇ တွင် '' နိုင်ငံတော်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေး အန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည် '' ဟု အတိအလင်း ဖော်ပြထားသည်။ မြန်မာ့ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် သာမက မည်သည့်အန္တရာယ်အတွက်မဆို အသင့်ရှိနေသော အဖွဲ့အစည်း ဖြစ်ပါသည်။ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ ရသည့်နေရာဒေသတိုင်း၌ အစောဆုံး၊ အဦးဆုံးနှင့် အလျင်မြန်ဆုံး တုံ့ပြန်ဆောင်ရွက်မှု ကို ဆောင်ရွက်လျက် ရှိကြောင်း လေ့လာတွေ့ရှိရမည်ဖြစ်သည်။ ဥပမာအားဖြင့် ၂ဝ၁၅ ခုနှစ်အတွင်းတွင် ကိုမန်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်း၊ အနောက်ပိုင်းနှင့် အနောက်မြောက်ဒေသတို့၌ မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပါသည်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အ နက် ၁၂ ခုတွင် ရေကြီးရေလျှံမြေပြိုမှုများ ဖြစ်ပွားခဲ့ရပါသည်။

လူနေအိမ်အဆောက်အအုံများ ရေနစ်မြုပ်ခဲ့ပြီး အဆိုပါ ရေလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ၁၂ ခုတွင် ရေကြီးရေလျှံမြေပြိုမှုများ ဖြစ်ပွားခဲ့ရပါသည်။ လူနေအိမ် အဆောက်အအုံများ ရေနစ်မြုပ်ခဲ့ပြီး အဆိုပါရေလွှမ်းမိုးမှုသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပါသည်။ အဆိုပါ ရေလွှမ်းမိုးမှုကြောင့် လူ ၁၂ဝ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၁ ဒသမ ၇ သန်းခန့် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရပါသည်။

အဆိုပါဖြစ်စဉ်၌ ဒေသတွင်းတွင်ရှိသော တပ်မတော်မှ တပ်ရင်း/တပ်ဖွဲ့များဖြင့် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ကြပါသည်။ ဒေသတွင်း အချို့ နိုင်ငံများမှ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်၍ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ခြင်း များဆောင်ရွက်ခဲ့ရာ တပ်မတော်မှ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ တပ်မတော် အနေဖြင့် ရေကြီးေ ရလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သော ဒေသများသို့ ကူညီဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စု ၅၉၃၄၇ စုနှင့် တိရစ္ဆာန် ၅၄၁၄ ကောင်အား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး တာတမံများ မြေဖို့ခြင်း ၅၄၂၄၅ ပေ၊ လမ်းများရှင်းလင်း ပြုပြင်ခြင်း ၁၁ဝ၇၂၉ ပေ၊ စာသင်ကျောင်းများ ရှင်းလင်းခြင်း ၂၉၄ ကျောင်း၊ ဆေးရုံများ ရှင်းလင်းပြုပြင်ခြင်း ၂၉ ရုံ၊ ဘုန်းကြီးကျောင်းများ ရှင်းလင်းပြုပြင်ခြင်း ၂၈၇ ကျောင်း၊ နေ အိမ်များ ပြုပြင်ခြင်း ၄၃၉ လုံး၊ တံတားများပြုပြင်ခြင်း ၃၆ စင်း၊ ရေတွင်း ရေကန်ဆယ်ယူခြင်း ၅၁၇ ကန်တို့အား ဆောင်ရွက် နိုင်ခဲ့ပါသည်။ ရေဘေးအန္တရာယ် ကျရောက်လျက်ရှိသော ဒေသများသို့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်ရင်း/တပ်ဖွဲ့များ၏ ဆေးတပ်ဖွဲ့များမှ ကလေး/ လူကြီး၊ ကျား၊ မ ပေါင်း ၃၄၁၁၆ ဦးနှင့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ အရာ ရှိ/ စစ်သည်များ ပါဝင်သော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)မှ ကလေး/ လူကြီး၊ ကျား၊မ ပေါင်း ၇၈၂၂ ဦး စုစုပေါင်း ၄၁၉၃၈ ဦးအား ဆေးကုသပေးနိုင် ခဲ့ပါသည်။

မြန်မာ့တပ်မတော်မှ မော်တော်ယာဉ် ၁၉၆၃ စီးဖြင့် ဆန် ၂ဝ၅၆၅ အိတ်၊ မျိုးစပါး ၁၁၁၉၁၄ အိတ်၊ ဖိုင်ဘာလှေ အစင်း ၂၁ဝ ၊ စက်သုံးဆီ ၂၆၉၅ ဂါလန်၊ တံတားတည်ဆောက်ရေး ဆက်စပ်ပစ္စည်းများ၊ ဘိ လပ်မြေအိတ် ၄၆၆ဝ၊ သွပ်အချပ် ၁၅၅ဝဝ၊ ရေစက် ၄၅ လုံး၊ မီးစက် ၁၆၁၇ လုံး၊ အခြေခံ စားသောက်ကုန်များအား သယ်ယူပို့ဆောင် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် တပ်မတော်(ရေ)မှ ရေယာဉ် ၁၇ စင်းဖြင့် ကယ်ဆယ် ရေးပစ္စည်းများ ၁၇၄ဝ၈၆ တန်အား ရေဘေးသင့် ပြည်သူများအတွက် သယ်ယူပို့ဆောင် ပေးနိုင်ခဲ့ပါသည်။ တပ်မတော်(လေ)မှလည်း လေယာဉ် ၉ စင်း၊ ရဟတ်ယာဉ် ၁၁ စင်းဖြင့် ရေဘေးသင့် ပြည် သူများအတွက် ကုန်ပစ္စည်း ၅ဝဝ ဒသမ ဝ၆၄ တန်အား သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ထို့ပြင် ယခုနှစ် ၂ဝ၁၈ ခုနှစ် မေလမှ ဇွန်လ (၁၇.၆.၂ဝ၁၈ ရက်နေ့အထိ)အတွင်း မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်နေသော ဒေသများ၌ တပ်မတော်အနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိပြီး အိမ်ထောင်စု ၁၅ဝဝ ကျော်အား ကူညီရွှေ့ပြောင်းပေးခြင်း၊ လမ်းများရှင်းလင်းပြုပြင်ပေးခြင်း၊ စာသင်ကျောင်းနှင့် ဘုရား၊ စေတီများရှင်းလင်းပြုပြင်ပေးခြင်း၊ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ေ ပးခြင်း တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ တပ်မတော်အနေဖြင့် မည်သို့ဆောင်ရွက်ရမည်ကို တိကျသော ကြိုတင်အမိန့်နှင့် လုပ်ငန်းစီမံချက်များအား ၂ဝ၁၅ ခုနှစ်ကတည်းက စီမံဆောင် ရွက်ပြီးဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့၌ တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ (၁/၂ဝ၁၅) ကြိမ်မြောက် အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ''သဘာဝဘေး အန္တရာယ် ကျရောက်ပါက အထက်အမိန့် စောင့်ရန်မလိုဘဲ သဘာဝဘေးဒဏ် ကြုံတွေ့ရသည့်နေရာသို့ အနီးဆုံးတပ်က အမြန်ဆုံး သွားရောက်ကူညီ ဆောင်ရွက်ပေးရန်နှင့် အထက်ဌာနသို့လည်း သတင်းပို့ လုပ်ဆောင်ရန် ''ဟူ၍ ကြိုတင် အမိန့်ပေးခဲ့ပြီးဖြစ်သည်။ ၎င်းကြိုတင်အမိန့်၏ ထိရောက်မှုကို နိုင်ငံတစ်ဝန်း လက်တွေ့မြင်တွေ့ အကျိုးခံစား နေရပြီးဖြစ်သည်။ ဗဟိုအဆင့်၊ တိုင်းတပ်မအဆင့်၊ တပ်ရင်းအဆင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့် ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများအားလည်း လက်တွေ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ တပ်မတော်များ၏ အခန်းကဏ္ဍသည် ''First responders – last resort ''ဟူသော တင်စားခေါ်ဆိုမှုအတိုင်း အဦးဆုံး တုံ့ပြန်နိုင်စွမ်းရှိသော အဖွဲ့အ စည်း - နောက်ဆုံး အားကိုးအားထား ပြုရမည့် အဖွဲ့အစည်းအဖြစ် ပစ္စုပ္ပန်နှင့် အနာဂတ်ကာလတို့၌ ဆက်လက် တည်ရှိနေရဦးမည်ဖြစ်ပါသည်။ ၎င်းတာဝန်များအား ထက်မြက်အောင်မြင်စွာ ထမ်းဆောင်နိုင် ရန်မှာ ပုံသဏ္ဌာန်တူလေ့ကျင့်ခြင်း/ ဖြစ်စဉ်ဖွင့်များဖြင့်လေ့ကျင့်ခြင်း (Exercise of Scenario Building) ဟူ၍ သဘာဝ ဘေးအန္တရာယ်လေ့လာရေး ပညာရှင်များက အကြံပြုထားပါသည်။ တပ်မတော်တိုင်းသည် စစ်ဆင်ရေး ကိစ္စရပ်များကိုသာမက သာမန်အုပ်ချုပ်မှု ကိစ္စရပ်များကိုပင် ပုံသဏ္ဌာန်တူ လေ့ကျင့်ခြင်း သို့မဟုတ် ဖြစ်စဉ် ဖွင့်များဖြင့် လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ သဘာဝ ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ၌ တပ်မတော်များ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါ နေဦးမည်ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။ ဇော်မင်းထွန်း (ရေနံချောင်း)

Read 41 times Last modified on Friday, 22 June 2018 09:28