SJ WorldNews - шаблон joomla Авто

ပုသိမ်မြို့ စက်တော်ရာ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 22 June 2018 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စက်တော်ရာ ဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများအား ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က အဘိုး၊ အဘွား ၃၈ ဦးတို့ကို အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ရိပ် သာဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းပေးခြင်းနှင့် ကွန်ကရစ် လမ်းပေါ်ရှိ ရွှံ့ညွန်များအား ရှင်းလင်းဖယ်ရှားပေးခြင်းတို့ကို နယ်မြေခံ တပ်မတော်သားများက စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 34 times Last modified on Friday, 22 June 2018 08:51