SJ WorldNews - шаблон joomla Авто

မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကြီး ကျေးရွာရှိ ပါရမီဖြည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး ဟောပြော ဆွေးနွေးခြင်းများ ပြုလုပ်

Thursday, 14 June 2018 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကြီး ကျေးရွာရှိ ပါရမီဖြည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က သံဃာ တော်သုံးပါး၊ ရှင်သာမဏေ ၆၂ ပါး၊ သာသနာ့ အနွယ်ဝင် သီလရှင်တစ်ပါး၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅ဝ၅ ဦးနှင့် ဒေသခံပြည်သူ ၁၄၁ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ တုပ်ကွေးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေး ရောဂါနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာများ၌ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 14 times Last modified on Thursday, 14 June 2018 08:31