SJ WorldNews - шаблон joomla Авто

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည့် ဒေသများမှ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

Thursday, 14 June 2018 08:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၁၃

မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကူးမြို့နယ် အတွင်း ဇွန် ၉ ရက်မှ ယနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည့် ဟင်္သာမ ကျေးရွာအုပ်စု အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ သပိတ်ကျင်း တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့်ဆန်နှင့် စားသောက်ဖွယ်ရာ များကို ယနေ့ နေ့လယ်ပိုင်းတွင် တပ်နယ်မှ တာဝန်ရှိသူ တစ်ဦးက ဟင်္သာမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထံသို့ ပေးအပ်လှူဒါန်းသည်။ အလားတူ မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ် အတွင်း မန်းချောင်း(ငဖဲ) ရေမြင့်တက်မှုကြောင့် ငဖဲမြို့မရပ်ကွက် အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ နေအိမ် ၂၃ လုံးရှိ လူဦးရေ ၁၃၉ ဦးတို့ကို ပဒါန်းတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ ဓာတ်တော်ဓမ္မာရုံသို့ ကူညီပြောင်းရွှေ့ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။ ထို့အတူ မင်းတုန်းမြို့နယ် အတွင်းရှိ ရေဘေးသင့်ကျေးရွာ ၁၇ ရွာမှ ရေဘေးသင့်ပြည်သူ ၁၈၁၈ ဦးတို့အတွက်လည်း သရက် တပ်နယ်မှ တပ်မတော်သား များက ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာ များနှင့် အဝတ်အထည်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 46 times Last modified on Thursday, 14 June 2018 08:30