SJ WorldNews - шаблон joomla Авто

မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲနှင့် သဘောတူ လက်မှတ်ရေးထိုးပွဲ ပြုလုပ်

Thursday, 17 May 2018 09:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ  ၁၆

ဆဋ္ဌမအကြိမ်မြောက်  မြန်မာ-ထိုင်း နှစ်နိုင်ငံ ရေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲ(6th   MNRTN  Navy  to Navy Talks) ကို မေ ၁၅ ရက်နံနက်ပိုင်းတွင်  ရန်ကုန်မြို့ရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်၊   အရာရှိရိပ်သာ၌ ပြုလုပ်ရာ တနင်္သာရီရေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဇွဲဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းဘုရင့်ရေတပ် Office of Policy and Planning,Naval  Operations   Department မှ Director ဖြစ်သူ Rear Admiral Chonlathis Navanugraha ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင်  နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ကိစ္စရပ်များ၊  လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံရေတပ်မှ အရာရှိများနှင့် စစ်ရေယာဉ် များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ အဆိုပါဆွေးနွေးချက်များ အတွက် သဘောတူလက်မှတ် ရေးထိုးခြင်းကို ညနေပိုင်းတွင် ဆက်လက်ပြုလုပ်ကြပြီး အထိမ်း အမှတ်တံဆိပ်များ   အပြန်အလှန်ပေးအပ်ကာ   အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ထို့ပြင် ထိုင်းဘုရင့်ရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ ရောက်ရှိစဉ်အတွင်း ရွှေတိဂုံစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်နှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်တို့အား သွားရောက်ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ကြောင်း   သတင်းရရှိသည်။

(၁ဝဝ)

Read 49 times Last modified on Thursday, 17 May 2018 09:01