SJ WorldNews - шаблон joomla Авто

လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းသား၊ သင်တန်းသူများ သန်လျင်တပ်နယ်ရှိ ရေတပ် လေ့ကျင့် ရေး ဌာနချုပ်နှင့် စစ်ရေယာဉ်စုများသို့ သွားရောက်လေ့လာ

Wednesday, 16 May 2018 09:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ   ၁၅

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လေတပ်စခန်းဌာနချုပ်များ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် လေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ ၅၆ဝ ဦး၊ အုပ်ချုပ်သူအရာရှိနှင့် ဆရာ၊ ဆရာမ များပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သန်လျင် တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ သင်တန်းသား၊ သင်တန်းသူများအား ဌာနချုပ်ရှိ သီရိမဟာဇေယျ ကျော်ထင်ခန်းမ၌  ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် ပတ်သက်သည့် သမိုင်းကြောင်းများကို  ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင် တန်းသူများက Shiphandling  Simulator  နှင့် Engine  Room ၊  Seamanship တို့အား လေ့လာပြီး တပ်မတော်(ရေ)ဗဟိုစာကြည့် တိုက်၊ စိတ်ဓာတ်မြှင့်တင်ရေးခန်းမနှင့် နက္ခတ်တာရာပြခန်းတို့အား လေ့လာကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် တပ်နယ်ရှိ စစ်ရေယာဉ်စုသို့ သွားရောက်လေ့လာကြပြီး ရန်ကုန်မြစ် အတွင်း စစ်ရေယာဉ်ဖြင့် စီးနင်းလိုက်ပါ၍ လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။        

Read 19 times Last modified on Wednesday, 16 May 2018 09:29