SJ WorldNews - шаблон joomla Авто

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်စည်ပစ္စည်းများ ပို့ဆောင်

Wednesday, 16 May 2018 07:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားမိသားစု ဝင်များနှင့် ဒေသခံ ပြည်သူများ သက်သာချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တပ်မတော်(လေ)မှ စီစဉ်ပေးသောလေယာဉ်ဖြင့်  တပ်မတော်သားများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၂ ဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ ပို့ဆောင်ပေးသည်။

အဆိုပါလေယာဉ်သည် ကိုကိုးကျွန်းမြို့မှ တပ်မတော်သားများနှင့် ဒေသခံပြည်သူစုစုပေါင်း ၁၁ဦးနှင့် ကုန်ပစ္စည်း များ တင်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။                   

Read 37 times Last modified on Wednesday, 16 May 2018 07:25