SJ WorldNews - шаблон joomla Авто

လှည်းကူးမြို့နယ်၊ စစ်ပင်(မြောက်) ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 16 May 2018 07:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စစ်ပင်(မြောက်)ကျေးရွာရှိ ဓမ္မဝိဟာရကျောင်းတိုက်မှ သံဃာတော် များနှင့် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က ဓမ္မဝိဟာရကျောင်း တိုက်ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် သွားရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ သံဃာတော်ငါးပါးနှင့် ဒေသခံပြည်သူ ၁၂ဝ ဦးတို့ကို  လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။   

 

Read 11 times Last modified on Wednesday, 16 May 2018 07:24