SJ WorldNews - шаблон joomla Авто

ရွှေကျင်မြို့နယ်ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Wednesday, 14 March 2018 08:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၃

ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထက်မဲဇောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့ က အဆိုပါ ကျေးရွာရှိ မြရတနာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နားရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ သံဃာတော်ငါးပါးနှင့် ဒေသခံပြည်သူ ၁၁၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား ရွှေကျင်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 75 times Last modified on Wednesday, 14 March 2018 08:42