SJ WorldNews - шаблон joomla Авто

နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသားလူငယ်များ နေပြည်တော်ရှိ အထင်ကရ နေရာများအား လှည့်လည်ကြည့်ရှုလေ့လာ

Saturday, 13 January 2018 11:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိ နေသော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ''ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ တိုင်းရင်းသား၊ တိုင်းရင်းသူ လေ့လာရေးအဖွဲ့ဝင်များသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအုန်းမြင့်လိုက်ပါလျက် ယနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၊ သူရဲကောင်းဗိမာန် (နေပြည်တော်)နှင့် Ocean Shopping Center တို့အား သွားရောက် ကြည့်ရှုလေ့လာ ခဲ့ကြပြီး တာဝန်ရှိသူများက ရှင်းလင်း ပြသခဲ့ကြသည်။ အဆိုပါ လေ့လာရေး အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ဝ ရက်နှင့် ၁၁ ရက်တွင်လည်း နေပြည်တော်ရှိ မဟာသကျရံသီဘုရားနှင့် ဥပ္ပါတသန္တိစေတီတော်တို့အား သွားရောက်ဖူးမြော်ခဲ့ကြပြီး တပ်မတော် စစ်သမိုင်းပြတိုက်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အား လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

Read 144 times Last modified on Saturday, 13 January 2018 11:38