SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်( ကြည်း၊ ရေ၊ လေ) ဘော်လီဘော ပြိုင်ပွဲစတင်

Saturday, 13 January 2018 07:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ)အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်အေး တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယတိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပြိုင်ပွဲဝင် အသင်းများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုင်း၊ တပ်မ၊ ဌာနချုပ်များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၃၃ သင်း၊ အမျိုးသမီးအသင်း ၂၄ သင်းဖြင့် ဇန်နဝါရီ၃ဝ ရက် အထိ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 160 times Last modified on Saturday, 13 January 2018 07:59