SJ WorldNews - шаблон joomla Авто

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲနှင့်ဆုပေးပွဲ ပြုလုပ်

Friday, 12 January 2018 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၁

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၁ဝရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမရှေ့ ကွင်းပြင်၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ  ဆုရရှိသော အသင်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်သည်။

အဆိုပါ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၃ သင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း   သတင်းရရှိသည်။                                

Read 126 times Last modified on Friday, 12 January 2018 08:50