SJ WorldNews - шаблон joomla Авто

၂ဝ၁၇ ခုနှစ်၊ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် စတင်ပြုလုပ်

Thursday, 07 December 2017 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ  

မြန်မာနိုင်ငံတွင် ထူးချွန်သည့် ဂေါက်သီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ Innwa Bank Ltd မှ အဓိက ကူညီ ပံ့ပိုးသည့် ၂ဝ၁၇ ခုနှစ်၊ မြန်မာ ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်နေပြည်တော်ရှိ ရေပြာ တပ်မတော်ဂေါက်ကွင်း ၌ပြုလုပ်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့်  မြန်မာပီဂျီအေ တို့မှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထား သူများနှင့် ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက်ကြသည်။

ဦးစွာ အားကစားသမားများက သတ်မှတ်ထားသည့် တီခုံတွင်  နေရာယူကြပြီး  တိုင်းမှူး၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်ဆွေ၊ Innwa Bank Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ငွေဦး၊  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့်  မြန်မာပီဂျီအေ ဥက္ကဋ္ဌ  ဦးတင့်ဦးတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ် ပေးသည်။  

ထို့နောက်   ပြိုင်ပွဲဝင် အားကစား သမားများက  ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင် ကစား ကြ သည်။

အဆိုပါပြိုင်ပွဲကို ပညာရှင်အဆင့် ၃၉ ဦး၊ ဝါသနာရှင် အဆင့် အမျိုးသား ၁၄၄ဦးနှင့် ဝါသနာရှင် အဆင့် အမျိုးသမီး ၁၆ ဦးတို့ဖြင့် ဒီဇင်ဘာ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 7 times Last modified on Thursday, 07 December 2017 09:35