SJ WorldNews - шаблон joomla Авто

အိမ်မဲမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 07 December 2017 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၆

ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့၊ အစုကြီးကျောင်းစု ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ဒီဇင်ဘာ ၅ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အရိုး/အကြော ရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၁၇၅ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 140 times Last modified on Thursday, 07 December 2017 08:34