SJ WorldNews - шаблон joomla Авто

ပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍတွင် အမေရိကန် နည်းပညာ ဆိုင်ရာ အကူအညီများ ရရှိနိုင်ရေး ဆွေးနွေး

Sunday, 13 August 2017 12:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၁၂

မြန်မာ့စိုက်ပျိုးရေး ကဏ္ဍတွင် အမေရိကန် နည်းပညာ၊ မျိုးစေ့နှင့် Pest Risk Analysis ဆိုင်ရာအကူအညီများ ရရှိ နိုင်စေရန် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းအနေဖြင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Deputy Chief of Mission အဖြစ် မကြာသေးမီက တာဝန်ယူခဲ့သည့် Mr. George Sibley၊ သံရုံးမှ Economic Unit Chief Ms. Alyce Abdall တို့နှင့်အတူ  တာဝန်ရှိသူ များကိုပါ တွေ့ဆုံပြီး စိုက်ပျိုးေ ရး နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားဆက်ဆံရေး မြှင့်တင်နိုင်မည့် နည်းလမ်းများကို အမြင်ချင်း ဖလှယ်ခဲ့ကြ သည်။ အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့် တင်ရေးအပြင် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များ အမေရိကန် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးကိုပါ အလေးပေး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ယခုလနှောင်းပိုင်းတွင် အမေရိ ကန် ပြည်ထောင်စုမှ ဆေးဝါးဆိုင်ရာလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ လာရောက်တွေ့ဆုံနိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများက စီစဉ်လျက်ရှိကြောင်း သိရသည်။

Read 39 times Last modified on Sunday, 13 August 2017 12:26