SJ WorldNews - шаблон joomla Авто

ယခုအခါ ပြည်သူလူထုကြား ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားစ ပြုလာရာ သတိထား ကာကွယ်ရန် လိုအပ်

Sunday, 13 August 2017 12:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  ၁၂

ယခုအခါ ပြည်သူလူထုကြား ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားစပြုလာပြီဖြစ်ရာ သတိထား ကာကွယ်ရန် လိုအပ်နေ ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရန်ကင်းကလေး ဆေးရုံပါ မောက္ခ ဒေါက်တာ ကျော်ဇင်ဝေထံမှ သိရသည်။

''ဂျပန်ဦးနှောက်ရောင် ရောဂါက ဗိုင်းရပ်တစ်မျိုးကြောင့် ဖြစ်တာပါ။ ရောဂါဖြစ်ပွားပြီဆိုရင် ဦးနှောက်တစ်ခုလုံး ရောင်လာမယ်။ ဦးနှောက်အမြှေးပါးရောင် ရောဂါနဲ့မတူပါဘူး။ အမြှေးပါးရောင်တာက ကုသလို့ရတယ်။ ပျောက်ကင်းနိုင်တယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါ က ကာကွယ်လို့ပဲရမယ်။ သက်သာအောင် အနည်းငယ် ထိန်းထားလို့ ပဲရတယ်။ သူ့အတွက် ပိုးသတ်ဆေးမရှိသေးတဲ့အတွက် အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးနိုင်တယ်။ လူ့အသက်ကို မထိခိုက်ရင်လည်း တစ်သက်လုံး လူစဉ်မမီတော့ဘဲ ဥာဏ်ရည်ဥာဏ်ေ သွးတွေ၊ မှတ်ဥာဏ်တွေ အားလုံးထိခိုက်နိုင်တယ်။

ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်မျိုးပါ။ ရောဂါမဖြစ်ခင် ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်။ နောက်ပိုင်းကာလတွေမှာ ဒီရောဂါတွေ ကြိုကြားကြိုကြား ဖြစ်လာတာတွေ့ရတယ်။ ပြည်သူတွေအနေနဲ့ အထူးဂရုစိုက် သတိထားနေဖို့ လိုပါတယ်''ဟု ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေက ပြောသည်။ ဂျပန်ဦးနှောက်ရောင် ရောဂါသည် လူကို ကူးစက်ရာ တွင်လူနှင့်အနီးစပ်ဆုံးဖြစ်သည့် ဝက်၊ ငှက်နှင့်ဗျိုင်း စသောတိရစ္ဆာန်များထံမှ အများဆုံး ကူးစက်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ယင်းတိရစ္ဆာန်များနှင့် ခပ်ဝေးဝေးတွင် နေ သင့်ကြောင်းနှင့် အနီးအနား၌ တိရစ္ဆာန်မွေးမြူရေးခြံများ ရှိနေပါက ရောဂါကူးစက်နိုင်သဖြင့် ကာကွယ်ဆေးထိုးထားရန် လိုအပ်ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရသူသည် သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်မမှန်ခြင်း၊ တစ်ဦးနှင့် တစ်ဦးစကားပြောလျှင် စိတ်ကြည်လင်မှု မရှိခြင်း၊ မှတ်ဥာဏ်များမရှိတော့ဘဲ မေ့လျော့ခြင်းနှင့်  ဦးနှောက်မှလုပ်ဆောင် သော အရာအားလုံးပုံမှန် မရှိခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။ ရောဂါကာကွယ်ဆေးအတွက် မြန်မာ နိုင်ငံ၏ ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပါဝင်ခြင်း မရှိသေးသော်လည်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၌ အစိုးရ၏ ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထိုရောဂါအတွက် ကာ ကွယ်ဆေးပါဝင်လာမည်ဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံမှ သိရသည်။

Read 25 times Last modified on Sunday, 13 August 2017 12:22