SJ WorldNews - шаблон joomla Авто

မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ ကျင်းပ

Sunday, 13 August 2017 11:54 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား   သြဂုတ်     ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ  အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ် မိဘဆရာ အသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား ကျင်းပ သည်။

ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက''မြန်မာ့ကျောင်း''သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပြည် နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက အမှာစကား ပြောကြားသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဒေါ်ခင်မေသန်းက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မြက ရှေ့လုပ်ငန်းစဉ်များနှင့် ၂ဝ၁၇-၂ဝ၁၈ ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သော ကျောင်းထောက်ပံ့ကြေးငွေများကို ခေါင်းစဉ်အလိုက် လျာထားချက်များကို ဖတ်ကြားတင်ပြပြီး ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် မိဘဆရာ အသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ကို ဖတ်ကြား အတည်ပြုကြသည်။ ဆက်လက်၍ ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် တစ်နှစ်တာအတွက် အ ကောင်းဆုံးဆရာ၊ ဆရာမများအား ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုဆုများ ပေးအပ်ကြကြောင်း သိရသည်။

Read 48 times Last modified on Sunday, 13 August 2017 11:55