SJ WorldNews - шаблон joomla Авто

ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနရုံး တည်ဆောက်မှု ၃ဝ ရာခိုင်နှုန်းပြီးစီး

Sunday, 13 August 2017 11:51 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား  သြဂုတ်   ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်   ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရုံးသစ်ကို တည်ဆောက်လျက်ရှိရာ ယခုအခါ ၃ဝ ရာခိုင်နှုန်းပြီး စီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးမှာ အလျား ၆၈ ပေ၊ အနံပေ ၃ဝ၊ အမြင့်ပေ ၄ဝ၊ သုံးထပ် ဆောင် RC အဆောက်အအုံဖြစ်ပြီး ကုန်ကျငွေကျပ် ၂၆၂ သန်းဖြင့် မင်္ဂလာမြစ်ကြီးနား ဆောက်လုပ်ရေးနှင့် အဆောက်အအုံ အလှဆင် ကုမ္ပဏီ လီမိတက်မှ တာဝန်ယူ၍ ဇူလိုင်လမှစတင် ဆောက်လုပ်ခြင်းဖြစ်သည်။ အဆောက် အအုံမှာ ယခုအခါ ၃ဝ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ပြီး ဒီဇင်ဘာလတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် အဆိုပါရုံးသစ် တည်ဆောက်ပြီးစီးပါက အသေးစားစက်မှု လက်မှုလုပ်ငန်းများ၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ၊ တိုင်းရင်းသားရိုးရာ လက်မှုထည် လုပ်ငန်း များ၊  ပန်းဆယ်မျိုး၊ ရက်ကန်း လုပ်ငန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကို ပိုမိုထိရောက် စွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 26 times Last modified on Sunday, 13 August 2017 11:52