SJ WorldNews - шаблон joomla Авто

စီးပွားရေးဆိုင်ရာ အထောက်အကူပြု ဟောပြောပွဲနှင့် လက်လီဈေးရောင်း ပွဲတော် ကျင်းပ

Wednesday, 15 November 2017 14:04 font size decrease font size decrease font size increase font size increase font size

မန္တလေး နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း (မန္တလေး တိုင်းဒေသကြီး)က ကြီးမှူး၍ တတိယအကြိမ် အသင်း သားစုံညီ အစည်းအဝေး၊ စီးပွားရေးဆိုင်ရာ အထောက်အကူပြု ဟောပြောပွဲ၊ လက်လီဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်း ကျော်ဇောက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း (မန္တလေးတိုင်း ဒေသကြီး)ဥက္ကဋ္ဌ ဦးညွန့်ဇော်က အသင်း၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် စီးပွား ရေးဆိုင်ရာ အထောက်အကူပြု ဟောပြောပွဲ၊ ဈေးရောင်းပွဲနှင့် ဂီတဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကူညီပံ့ပိုးပေးသူများအား ဂုဏ်ပြုလွှာများ ပေးအပ်သည်။ ဆက်လက်၍ စီးပွားရေးဆိုင်ရာ အထောက်အကူပြု ဟောပြောရာတွင် ဆရာဦးတင်ဇံကျော်၊ ဆရာဦးအောင်ကျော်မိုး၊ ဒေါ်ဝင်းဝင်းတင့်၊ ဒေါ်ညိုညိုစိန်၊ ဒေါ်ဝေသစ်လွင်၊ ဒေါ်သင်းသင်းကျော်တို့က အောင်မြင်အောင် ဖြတ်သန်းခဲ့ရသည့် စီးပွားရေးဆိုင်ရာ အတွေ့ အကြုံများကို အမြင်ချင်းဖလှယ် စကားဝိုင်း ဆွေးနွေးသည်။

လက်လီဈေးရောင်း ပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော် အဆိုတော်များက ဖျော်ဖြေတင်ဆက်ကြပြီး မန္တလေးမြို့ရှိ လုပ်ငန်းများ၊ ကုမ္ပဏီများမှ ထုတ်ကုန်ပစ္စည်းများ ပြသရောင်းချကြကြောင်း သိရသည်။

Read 2 times Last modified on Wednesday, 15 November 2017 14:12