SJ WorldNews - шаблон joomla Авто

စေတနာ့ ဝန်ထမ်း လူထု ကျန်းမာရေး လုပ်ငန်း (သစ်လွင်)နှင့် အရန်သားဖွား ဆရာမများ (မွမ်းမံ) သင်တန်း ဆင်းပွဲ ကျင်းပ

Wednesday, 15 November 2017 14:01 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ် စစ်တွေမြို့ စေတနာ့ဝန်ထမ်း လူထုကျန်းမာရေး လုပ်သား(သစ်လွင်) သင်တန်းဆင်းပွဲနှင့် အရန်သားဖွား ဆရာမများ (မွမ်းမံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက စစ်တွေမြို့ ဒေသန္တရကျန်း မာရေးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြို့နယ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးစော ဝင်းမောင်က ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားရေး၊ ရောဂါကာကွယ်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းပြီး စေတနာ့ဝန်ထမ်း လုပ်ငန်းဖြင့် ဆောင်ရွက်နေသူများမှာ အရန်သားဖွား ဆရာမများ နှင့်စေတနာ့ဝန်ထမ်း လူထုကျန်းမာရေး လုပ်သားများပင်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် သင်တန်းဆင်း လက်မှတ်များကို မြို့ နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကြည်ကြည်သာနှင့် တာဝန်ရှိသူများက သင်တန်းသားများထံ အသီးသီး ပေးအပ်ကြသည်။ သင်တန်းဆင်းပွဲသို့ IRC (အြ ပည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့)မှ တာ ဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

Read 2 times Last modified on Wednesday, 15 November 2017 14:03