SJ WorldNews - шаблон joomla Авто

စိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း လွှဲပြောင်း ပေးအပ်ပွဲနှင့် ဖွင့်ပွဲ ကျင်းပ

Wednesday, 15 November 2017 13:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၄

စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း လွှဲပြောင်းပေး အပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း ခန်းမ ၌ ကျင်းပသည်။ ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးယာယီတာဝန်ခံ Mr. Kim Jung Han နှင့် တာဝန်ရှိသူတို့က စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး သင် တန်းကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်း ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး သင်တန်းကျောင်း၏ ပြခန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့မှ ကျေးရွာသစ်လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများအား ကြည့်ရှု အားပေးသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာဆေးမားအူးလ်အွန် ဒုန်စီမံကိန်း Video Clip ကိုပြသပြီးနောက် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီမှ ဌာနေကိုယ်စားလှယ် Dr. Shin Euicheol က စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းထံသို့ စိုက်ပျိုးပညာ ပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ဆက်စပ်ပစ္စည်းများအား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက် ထူးချွန်ဆုရရှိသော ကျေးရွာဆု ငါးဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံရုံးယာယီတာဝန်ခံ Mr. Kim Jung Han နှင့် KOICA ဌာနေကိုယ်စားလှယ် Dr. Shin Euicheol တို့က ထူး ချွန်ကျေးရွာခေါင်းဆောင်ဆု ၁ဝ ဆုအားလည်းကောင်း၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းဦးနှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့က ကျေးရွာတာဝန်ခံ ထူးချွန်ဝန်ထမ်းဆု ၁ဝ ဆုအားလည်းကောင်း အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် KOICA ဌာနေကိုယ်စားလှယ် Dr. Shin Euicheol က ကိုရီးယားသမ္မတ နိုင်ငံမှ ချီးမြှင့်သော Korean Government's Commendation for Saemaul Service Award ဆုကို ဒုတိယ ညွှန်ကြားရေးမှူး ချုပ်ဦးအေးကိုကိုအား ပေးအပ်သည်။ ယင်းနောက် တက်ေ ရာက်လာကြသည့် ဧည့်သည်တော်များက စိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

Read 10 times Last modified on Wednesday, 15 November 2017 13:50