SJ WorldNews - шаблон joomla Авто

သံတောင်ကြီးမြို့နယ်ရှိ အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း စာသင်ဝိုင်းများ ကြည့်ရှု

Wednesday, 15 November 2017 08:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၄

ပညာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှမြင့်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲနှင့်အတူ ယမန်နေ့မွန်းလွဲ ၂ နာရီက ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက် ရှိသော၂ဝ၁၇ ခုနှစ် ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို အကောင်အထည်ဖော်နေသည့် သံတောင်ကြီးမြို့နယ် သံတောင်မြို့သစ် အမှတ်(၃)ရပ်ကွက် စာသင်ဝိုင်း၌ မသန်စွမ်း စာသင်သားများ သင်ကြားသင်ယူမှုနှင့် သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက် စာသင်ဝိုင်းနှင့် အမှတ်(၃)ရပ်ကွက် စာသင်ဝိုင်းများသို့ သွားရောက်ပြီး သင်ကြားသင်ယူနေမှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စာသင်ဝိုင်းများသို့ ရောက်ရှိစဉ် စာသင်သားများအား ဗလာစာအုပ်များ၊ ခဲတံများနှင့် ဝတ်စုံများကို ပေးအပ်ပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်စေမည့် အသက်မွေး ဝမ်းကျောင်း ပညာများ ဆက်လက်သင်ယူနိုင်ရန် အားပေးစကား ပြောကြားသည်။

၂ဝ၁၇ ခုနှစ် ကရင်ပြည်နယ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကို အောက်တိုဘာ ၁၄ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ စာသင်ဝိုင်းပေါင်း ၁၁၂ ဝိုင်းမှ  စာသင်သား ၁ဝဝဝ ကျော်အား ဘားအံ တက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်များမှ လုပ်အားပေးကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံလုပ်အားပေးများ စုစုပေါင်း ၂၂၄ ဦးတို့က အခြေခံစာစဉ်များ ဖြစ်သော မြန်မာ၊ သင်္ချာတို့ကို စာသင်ရက် ၄ဝ အတွင်း တစ်ရက်လျှင်ပျမ်းမျှ သုံးနာရီနှုန်းဖြင့် နာရီပေါင်း ၁၂ဝ ကြာ သင်ကြားပေးနေကြောင်း သတင်း ရရှိသည်။

Read 3 times Last modified on Wednesday, 15 November 2017 08:42