SJ WorldNews - шаблон joomla Авто

ဆောင်းသီးနှံများအတွက် ငွေကျပ်သန်း ၄၅ဝဝဝ ကျော် ထုတ်ချေးပေးရန် လျာထား

Tuesday, 14 November 2017 13:54 font size decrease font size decrease font size increase font size increase font size

တောင်ကြီး  နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများ ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေကျပ် ၄၅၃ဝဝ ဒသမ ၉၅ သန်းအား ထုတ်ချေးပေးသွားရန်   လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

''စိုက်ပျိုးရေးတောင်သူတွေကို မိုးရာသီမှာတော့  ချေးငွေကျပ်သန်း၂၁၇ဝ၅၇ ဒသမ ၂၅ သန်းကို ထုတ်ချေးထားပြီးပါပြီ။ မကြာခင်ကာလမှာ ဆောင်းရာသီစိုက်ပျိုးရေး လုပ်ငန်းတွေ စတင်လုပ်ကိုင်တော့မှာ ဖြစ်တဲ့အတွက် အချိန်မီစိုက်ပျိုးနိုင်ဖို့အတွက် ချေးငွေတွေကို ထုတ်ချေးပေးသွားမှာပါ'' ဟု စစ်ကိုင်းတိုင်း ဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးမျိုးမြင့်ဦးက ပြောသည်။

၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (၃၂)ခုမှ  အသင်းသား  ၃၃၄၉၁၈ ဦးသို့ စပါး ၁၂၅၂၉၂၁ ဧကနှင့် အခြားသီးနှံ ၅၈၂၃၂၈ ဧက စိုက်ပျိုးနိုင်ရန် အတွက် ချေးငွေကျပ် ၂၁၇ဝ၅၇ ဒသမ ၂၅   သန်းကို   ထုတ်ချေးပေးခဲ့ကြောင်းနှင့် ဆောင်းသီးနှံများ   စိုက်ပျိုးနိုင်ရန်အတွက် ငွေကျပ် ၄၅၃ဝဝ ဒသမ ၉၅ သန်းကိုလည်း ထုတ်ချေးပေးနိုင်ရန် လျာထားကြောင်း သိရသည်။

Read 11 times Last modified on Tuesday, 14 November 2017 13:55