SJ WorldNews - шаблон joomla Авто

အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ) မြို့မကျောင်း နှစ်(၁ဝဝ)ပြည့် အကြို အခမ်းအနားနှင့် ထူးချွန်ကျောင်းသား ဂုဏ်ပြုပွဲ ကျင်းပ

Tuesday, 14 November 2017 13:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၁၃

(၉၇) နှစ်မြောက် အမျိုးသားနေ့တွင် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း(ဒဂုံ) မြို့မကျောင်း နှစ်(၁ဝဝ)ပြည့် အကြို အခမ်းအနားနှင့် ထူးချွန်ကျောင်းသားများ ဂုဏ်ပြုပွဲကို အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်  မြို့မကျောင်းသား၊ ကျောင်းသူများက  ပြည်မြန်မာ သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော (၉၇) နှစ်မြောက် အမျိုးသားနေ့ သဝဏ်လွှာကို    ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ဖတ်ကြားသည်။  ထို့နောက်  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က  အမျိုးသားနေ့ဖြစ်ပေါ်လာပုံ   သမိုင်းအကျဉ်းနှင့်  မြို့မအမျိုးသား အထက်တန်းကျောင်း၏  သမိုင်းအစဉ်အလာ ကြီးမားပုံ၊ အမျိုးသားရေး စိတ်ဓာတ်ပြည့် ဝသော ပညာတတ်ကျောင်းသား လူငယ်များ  မွေးထုတ်ပေးနိုင်ခဲ့မှုနှင့် မြို့မကျောင်းများ   ရေရှည် တည်တံ့နိုင်စေရန် အစိုးရနှင့်အတူ ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသားမိဘများ  ပူးပေါင်းပါဝင် ထိန်းသိမ်း ဆောင်ရွက်စေလိုကြောင်း  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)  မြို့မကျောင်း၏ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ဘာသာရပ်အလိုက် ဂုဏ်ထူးရှင်များနှင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးက ဆုများ ပေးအပ်ချီးမြှင့်သည်။

''ဒီကျောင်းက အခုလာမယ့် ၂ဝ၂ဝ ပြည့်နှစ် ဆိုရင် နှစ် (၁ဝဝ) ပြည့်ပါပြီ။ ဒီအတွက် ဒီနှစ်အမျိုးသားနေ့က စပြီး မြို့မကျောင်းရဲ့ ရာပြည့်အကြိုပွဲတွေကို ၂ဝ၁၇ ခုနှစ်၊ ၂ဝ၁၈ ခုနှစ်၊ ၂ဝ၁၉ ခုနှစ် သုံးနှစ်ဆက်တိုက် ပြုလုပ်မှာပါ'' ဟု မြို့မအမျိုးသားကျောင်း၏ ကျောင်း အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးခင်မောင်ရင် ကပြောသည်။

မြို့မကျောင်း (၁၉၂ဝ-၂ဝ၂ဝ) နှစ် (၁ဝဝ)ပြည့် အခမ်းအနားတွင်  ကျောင်းသား၊ ကျောင်းသူများ၏ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ပဒေသာကပွဲများ၊ သီချင်းဆိုပွဲနှင့်  ဖျော်ဖြေရေးပွဲများ ပါဝင်ကြောင်း သိရသည်။

Read 13 times Last modified on Tuesday, 14 November 2017 13:44