SJ WorldNews - шаблон joomla Авто

(၉၇) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ကျောက်စာတိုင် ဂါရဝပြု

Tuesday, 14 November 2017 13:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ   ၁၃

(၉၇) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ကျောက်စာတိုင် ဂါရဝပြုပွဲနှင့် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင်  အမျိုးသားနေ့ အထိမ်းအမှတ် ကျောက်စာတိုင်ရှိရာ ရန်ကုန်မြို့ရွှေတိဂုံစေတီတော် ရင်ပြင် စနေထောင့်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့မကျောင်းသား၊ ကျောင်းသူဟောင်းများ အသင်းဝင်များက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ) အရှေ့မှ နံနက် ၆ နာရီတွင် စတင်ထွက်၍ ရွှေတိဂုံဘုရားတောင်ဘက်မုခ် လှေကားမှ တက်ရောက်ကာ ရွှေတိဂုံစေတီတော်  ရင်ပြင်  စနေထောင့်ရှိ အမျိုးသား အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့၌ ဆက်လက် ဆောင်ရွက်ရမည့်    အမျိုးသားရေး တာဝန်များကို ရွတ်ဆိုဂါရဝပြုကြသည်။

''မျိုးဆက်သစ်လူငယ်တွေအနေနဲ့ သိစေချင်တာလည်း ပါတယ်။ အမျိုးသား စိတ်ဓာတ်ကို ထည့်ပေးချင်တာလည်းပါတယ်။ သပိတ်မှောက်ကျောင်းသား ၁၁ ဦးရဲ့အမည်တွေကို ကိုင်ဆောင်ပြီး ဂုဏ်ပြုချီတက် ခဲ့ကြပါတယ်'' ဟု ရန်ကုန်မြို့မ ကျောင်းသားဟောင်းများ အသင်း အကြံပေးပုဂ္ဂိုလ် ဦးကြည်ညွန့်က ပြောသည်။

၁၉၂ဝ ပြည့်နှစ်က ဘခင်၊ ဘိုးကွန်း၊ ဘဦး၊ အောင်ဒင်၊ ထွန်းဝင်း၊ ဖေသိန်း၊ ဘရှင်(သံတွဲ)၊ ဘရှင်(ထားဝယ်)၊ ကေညီပိတ်၊ လှတင်နှင့် မောင်ဧ  ကျောင်းသား ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင်   စနေထောင့်ရှိ အဆိုပါနေရာ၌  အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ရန်ကုန်ယူနီဘာစတီအက်ဥပဒေကို သပိတ်မှောက်ရန်  အဓိဋ္ဌာန်ပြုခဲ့ကြသဖြင့် ယခုအခါ  ယင်းနေရာကို  အထိမ်းအမှတ် ကျောက်စာတိုင် အဖြစ်   ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

Read 8 times Last modified on Tuesday, 14 November 2017 13:39