SJ WorldNews - шаблон joomla Авто

နည်းပညာပိုင်းနှင့် ပတ်သက်၍ ငွေကြေး အရင်းအနှီး ရယူလိုသော စီးပွားရေး လုပ်ငန်းများကို အဆိုပြုလွှာများ တင်ပြရန်ဖိတ်ခေါ်

Friday, 13 October 2017 09:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၂

နည်းပညာပိုင်းနှင့် ပတ်သက်၍ ငွေကြေးအရင်းအနှီး ရယူလိုသော စီးပွားရေး လုပ်ငန်းများကို အဆိုပြုလွှာများ တင်ပြရန် ဖိတ်ခေါ်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ထံမှ သိရသည်။

''နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ငွေကြေးအရင်းအနှီး ရဖို့ သက်ဆိုင်ရာက ကျွန်တော်တို့ကို တာဝန်ပေးထားတာ ရှိပါတယ်။ SME ကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ဆောင်တဲ့ နေရာမှာ ဘယ်ကဏ္ဍက အဓိက လုပ်ဆောင်လာနိုင်မလဲ။ လုပ်ဆောင်နိုင်မယ့် ကဏ္ဍတွေ ရှိလာရင် ပံ့ပိုးကူညီ ပေးသွားမှာပါ'' ဟု ဦးဇော်မင်းဝင်းက ပြောသည်။ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများအတွက် စိုက်ပျိုးရေး အနေဖြင့် အခြေခံရှိပြီး မွေးမြူရေးနှင့် သားငါးကဏ္ဍနှင့် ပတ်သက်၍လည်း ရှိထားပြီးဖြစ်သည့် အတွက် စားသောက်ကုန် ကဏ္ဍအနေဖြင့် နည်းပညာကောင်း၊ စက်ပစ္စည်းကောင်း၊ ဈေးကွက်ကောင်း ရှိပါက ပိုမိုထုတ်လုပ်လာနိုင်မည့် အနေအထားများ ရှိသည်။ သို့ဖြစ်ရာ စားသောက်ကုန်ကဏ္ဍမှ တိုးချဲ့ဆန်းသစ် လုပ်ကိုင်လိုသည့် လုပ်ငန်းများ၊ စက်ပစ္စည်း ကိရိယာများနှင့် နည်းပညာမြှင့် အကောင်အထည် ဖော်လိုသူများ အနေဖြင့် အဆိုပြုလွှာများ စနစ်တကျ ရေးဆွဲတင်ပြနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းအနေဖြင့် လက်ရှိ အရင်းအနှီး လိုအပ်ချက်များကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိသည့် လုပ်ငန်းများအတွက် စီမံချက်များ ချမှတ်လုပ်ဆောင်နေကြောင်း သိရသည်။

Read 4 times Last modified on Friday, 13 October 2017 09:48