SJ WorldNews - шаблон joomla Авто

၂ဝ၁၇ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Friday, 13 October 2017 09:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၂

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အပါအဝင် အခြားသော ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ဦးစီးဌာနများက ပြည်သူ လူထုနှင့် တက်ညီလက်ညီ ပူးပေါင်းပြီး မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက် လာစေရန်နှင့် ကာကွယ် ကုသ၍ရသော  မျက်စိရောဂါများကြောင့် မျက်မမြင်ဖြစ်ပွားမှုလျော့နည်းပပျောက်စေရန်  ရည်ရွယ်ကျင်းပသော ၂ဝ၁၇ ခုနှစ် ကမ္ဘာ့ မျက်မမြင်ပ ပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက အမှာစကားပြော ကြားရာတွင်  အမျိုးသားအမြင် သန်စွမ်းရေး National  Vision  2020 မျှော်မှန်းချက် အစီအစဉ်ကို ၂ဝဝဝ ပြည့်နှစ် အောက်တိုဘာ  ၁ဝ ရက်တွင် စတင်ချမှတ် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် ကာကွယ်ကုသ၍ ရသောမျက်စိရောဂါများ၏ ၂၅ ရာခိုင်နှုန်းကို လျှော့ချ နိုင်ရန် ဆောင်ရွက်လျက်ရှိရာ မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းသည် အဓိက အခန်းကဏ္ဍ၌ ပါဝင် လျက်ရှိကြောင်း။

မျက်မမြင် ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ မျက် မမြင်ကာကွယ်ရေး စီမံကိန်းဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ဆေးရုံကြီးများ၊ ခရိုင်အဆင့် ဆေးရုံကြီးများရှိ မျက်စိကုဌာနများ၊ ကျေးလက် ကျန်းမာရေး ဌာနများ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများအပြင်ပြည်သူလူထု တစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်မှသာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်း ချက်ဖြစ်သည့် ၂ဝ၂ဝ ပြည့်နှစ်တွင် ကာကွယ် ကုသ၍ရသော မျက်စိရောဂါများ လျော့နည်း ပပျောက်စေရန် ဆောင်ရွက် နိုင်မည်ဖြစ်သည့် အတွက် အင်တိုက် အားတိုက် ပူးပေါင်းဆောင် ရွက်ကြရန်၊ ပြည်သူ တစ်ရပ်လုံးကလည်း မျက်စိ ကျန်းမာရေးကို အလေးထားပြီး  စမ်းသပ် စစ်ဆေးမှု ခံယူကြရန် တိုက်တွန်းကြောင်း ပြော ကြားသည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဌာနေ ကိုယ်စားလှယ်က အမှာစကား ပြောကြားပြီး ခင်းကျင်းပြသ ထားသော ၂ဝ၁၇ ခုနှစ် ကမ္ဘာ့ မျက်မမြင်ပ ပျောက်ရေးနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ လူမှုရေးအဖွဲ့ အစည်း များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

၂ဝ၁၇ ခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေး နေ့ဆောင်ပုဒ်မှာ Universal Eye Health "Make Vision Count"- ''အမြင်အာရုံ ကောင်းစေဖို့ အရွယ်မရွေး မျက်စိစမ်းသပ်လို့ ကာကွယ်ကုသကြပါစို့'' ဖြစ်ပြီး ပြည်သူတစ် ရပ်လုံးက မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံ ချို့ယွင်းခြင်းများသည်  အပြည်ပြည်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး ပြဿနာ တစ်ခုဖြစ် ကြောင်း သိရှိနား လည်ကာ မျက်စိ ကျန်းမာရေး ကောင်းမွန်စေရန် အသက်အရွယ်မရွေး ပါဝင်၍ အချိန်မီ မျက်စိ စမ်းသပ်ရန်နှင့် ကုသရန် တိုက်တွန်းနှိုးဆော် လိုခြင်းဖြစ်ကြောင်း သိရသည်။

အောင်လှိုင်ဝင်း

 

Read 36 times Last modified on Friday, 13 October 2017 09:47