SJ WorldNews - шаблон joomla Авто

အမျိုးသမီး ယာဉ်မောင်း လျှောက်ထားသူ ၉ဝ ဦးအထိရှိ

Thursday, 12 October 2017 13:30 font size decrease font size decrease font size increase font size increase font size

YBS ၂၁ ယာဉ်လိုင်း၌ တာဝန်ထမ်းဆောင်ရန် အမျိုးသမီး ယာဉ်မောင်း လျှောက်လွှာ ခေါ်ယူခဲ့ရာ ၉ဝ ဦးအထိ လာ ရောက်လျှောက်ထားကြောင်း Power Eleven ကုမ္ပဏီ ကိုတရုတ်ကလေးထံမှ သိရသည်။

အဆိုပါ အမျိုးသမီး ယာဉ်မောင်း ၉ဝ ဦးတွင် ရန်ကုန်မြို့တွင်းမှ လာရောက်လျှောက်ထားသူ ၈ဝ ရာခိုင်နှုန်းအထိရှိပြီး တိုက်ကြီးနှင့် ဒဂုံ(တောင်ပိုင်း)မြို့နယ်တို့မှ လာရောက်လျှောက်ထားသူ ၂ဝ ရာခိုင်နှုန်းရှိကြောင်း၊ ယင်း ၉ဝ ဦးထဲမှ ၃ဝ ဦးကိုသာ ရွေးချယ်မည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်သက်တမ်း သုံးနှစ်ရှိသူများအား ဦးစားပေးခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာခေါ်ယူရာတွင် ယာဉ်မောင်း အတွေ့အကြုံမရှိသေးသူများ၊ ယာဉ်လုံးဝ မမောင်းတတ်သေးသူ များနှင့် ယာဉ်မောင်း လိုင်စင်သက်တမ်း သုံးနှစ်ရှိသူများအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လိုင်စင်သက်တမ်း သုံးနှစ်နှင့် အထက်ရှိပြီး ကျွမ်းကျင်မှု လိုအပ်ချက် ရှိသေးသူများနှင့် ယာဉ်ကြီး မမောင်းတတ်သေးသူများကို လုပ်ငန်းခွင်ထဲ ရောက်သည်အထိ စနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး ယာဉ်မောင်းကျွမ်းကျင်မှု စစ်ဆေးသတ်မှတ်ချက်များနှင့် ကိုက် ညီပါက အလုပ်ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်တန်းကာလအတွင်း တစ်လလျှင် ငွေကျပ် နှစ်သိန်း ပံ့ပိုးပေးမည်ဖြစ်ပြီး ယာဉ်လုံးဝမမောင်းတတ် သေးသူများနှင့် ယာဉ်မောင်းလိုင်စင် မရှိသေးသူများ အနေဖြင့် ယာဉ်မောင်းခြင်း အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုမည်ဆိုပါက သင်တန်းကာလ ခြောက်လအထိ သင်ကြားပေးမည်ဖြ စ်ကြောင်း သိရသည်။ သင်တန်းစတက်ချိန်တွင် သင်မောင်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကာ သင်မောင်း သုံးလပြည့်ပါက ယာဉ်မောင်းလိုင်စင် ဖြေဆိုရမည်ဖြစ်သည်။ သင်တန်းခြောက်လ ပြည့်ပါက ယာဉ်မောင်းကျွမ်းကျင်ပြီး လိုင်စင်ရှိနေပြီဖြစ်သည့်အတွက် အိမ်စီးကား၊ ကုမ္ပဏီကားနှင့် ကျောင်းကား များမောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 52 times Last modified on Thursday, 12 October 2017 14:34